မြန်မာနိုင်ငံတွင်နေထိုင်သူများသတိပြုရန်အချက်များ
လက်ရှိမြန်မာနိုင်ငံသည် ပြည်တွင်းရေးမတည်ငြိမ်သောနိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ နေရာဒေသအနှံ့အပြားတွင် စစ်မက်များဖြစ်ပွားလျက်ရှိပြီး မိမိနေထိုင်ရာဒေသနှင့်အနီးတစ်ဝိုက်တွင်အချိန်မရွေးဆိုသလိုစစ်ပွဲများရောက်ရှိ လာနိုင်ချေရှိပါသည်။ သို့ဖြစ်သောကြောင့် မိမိနေထိုင်ရာအနီးတစ်ဝိုက်စစ်ပွဲများနှင့်ကြုံတွေ့ရပါက ဆောင်ရန်ရှောင်ရန်အကြောင်းအရာများကိုတင်ဆက်ပေးလိုက်ပါတယ်
၁ စစ်ကြောင်းထိုးမည်ဟုသတင်းကြားသည်နှင့် ကြိုတင်ရှောင်ရှားပါ။ စစ်ပွဲဖြစ်ပွားရာအရပ်မှရှောင်ရှားပါ ဝေးနိုင်သမျှဝေးအောင်နေပါ။
၂ လက်နက်တိုက်များ ရဲစခန်းများ စစ်တပ်စစ်ဆေးရေးဂိတ်များ လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ စစ်စခန်းများ နှင့်ဝေးကွာစွာနေပါ။ ပစ်ခတ်မှုများဖြစ်ပွားပါက ကျည်လာရာအရပ်မှဝေးစွာပြေးပါ ကျည်လာရာရဲ့ဆန့်ကျင် ဘက်အရပ်သို့ပြေးပါ။
၃ မိမိနေထိုင်ရာ အရပ်ဒေသရဲ့ လမ်းများနှင့် နေရာဒေသများကိုသေချာစွာမှတ်သားထားပါ။
၄ မိမိနေထိုင်ရာနေရပ်မှစွန့်ခွာခဲ့ရပါက မိမိအသုံးပြုမဲ့ယာဉ်ပေါ်တွင် ရေ လောင်စာဆီ ဆေးဝါး အစားအသောက်များကိုအခြောက်အခြမ်းပုံစံ (လွယ်လင့်တကူစားသောက်နိုင်အောင်ပြုလုပ်ထားသောအစာခြောက်များ မုန့်ခြောက်များ အဟာရများစွာပါဝင်သောမုန့်ခြောက်များ) နှင့် လိုအပ်သောအရာများကိုကြိုတင်တင်ကာပြင်ဆင်ထားပါ။ ယာဉ်မရှိပါက လွယ်လင့်တကူသယ်ဆောင်နိုင်သောကျောပိုးအိတ်များဖြင့်ပြင်ဆင်ထားပါ
၅ ဝီစီကိုမိသားစုဝင်တိုင်းမှာဆောင်ထားရမည်ဖြစ်သည်။ ဆေးဝါး နာရီ မီးခြစ် ပေါက်တူးပေါက်ပြား ဖယောင်းတိုင် ခြင်ဆေးခွေ ဓါတ်ဆားထုတ် တို့ကိုရှာဖွေစုဆောင်းထားရှိရမည် အမျိုးသမီးသုံးသန့်ရှင်းရေးအထုပ်များ အရေးကြီးစာရွက်စာတမ်းများကိုပါတစ်ပါတည်းယူဆောင်ရမည်။
၆ နားကြပ်များ အပူခံလက်အိတ်များ ဓါတ်ငွေ့ကာမျက်နှာဖုံးများ နှင့် ရေဒီယိုများကိုပါပြင်ဆင်ထားရမည်။ ဓါတ်ခဲများပါကြိုတင်ပြင်ဆင်သင့်သည်
၇ စစ်ပွဲနှင့်ပတ်သက်သောသတင်းများကိုခိုင်လုံသောသတင်းရင်းမြစ်ကသာရယူပါ
၈ စစ်ပွဲဖြစ်သောနေရာနှင့်ကြုံပါက ပျက်စီးယိုယွင်းနေသောအဆောက်အဦးများတွင်ပုန်းခိုခြင်းကိုရှောင်ရှားပြီး ခိုင်ခံ့သောအဆောက်အဦးများ ကတုတ်ကျင်းများတွင်သာပုန်းခိုပါ
၉ မိမိတည်ရှိနေရာအနီးတစ်ဝိုက်အဆောက်အဦးများမရှိပါက သစ်ပင်များထူထပ်သောနေရာများတွင်ပုန်းခိုပါ
၁၀ မိသားစုများကိုအခန့်မသင့်ရင်ကွဲကွာသွားနိုင်တာကြောင့်ပြန်လည်ဆုံတွေ့ရန်စုရပ်နေရာတစ်ခုအားကြိုတင်သတ်မှတ်ထားပြီးထိုနေရာတွင်ပြန်လည်ဆုံစည်းဖို့ပြောထားပါ
၁၁ မိမိသွေးအမျိုးအစားကိုလည်း မိမိကိုယ်ပေါ်တွင်လူအများမြင်တာနဲ့သိနိုင်အောင်ရေးထားပါ။ ကိုယ်ဝန်ဆောင်များ သက်ကြီးရွယ်အိုများနှင့်ကလေးများကိုအမြဲဦးစားပေးကာကွယ်စောင့်ရှောက်ပါ
၁၂ မိမိကိုယ်ကိုခုခံကာကွယ်ဖို့အတွက်အခြေခံကိုယ်ခံပညာနှင့် လက်နက်ကိရိယာအသုံးပြုနည်းများကို ကြိုတင်လေ့လာထားပါ။ လူငယ်လူရွယ်များအကုန်ကြိုတင်ပြင်ဆင်ထားသင့်သည်
၁၃ ရှေးဦးသူနာပြုနည်းလမ်းများကို ကြိုတင်လေ့လာထားပါ။
၁၄ လက်နက်ကြီး လက်နက်ငယ်များကို ကြိုတင်လေ့လာထားခြင်းမရှိပဲ ကိုင်တွယ်ခြင်း စူးစမ်းခြင်းမပြုလုပ်ရ
၁၅ ဘေးကင်းသောနေရာဒေသများသို့သာတိမ်းရှောင်ခြင်းပြုလုပ်ပါ။
Comments
Post a Comment