အကြည်တော် ( ဖရီးဝှီး )

 အကြည်တော် ( ဖရီးဝှီး )

        ဆေးရုံပေါ်တွင် အဘိုးအိုတစ်ယောက် လူကြီးရောဂါနှင့်သေအံ့မူးမူးဖြစ်နေသည်။ သူ၏လက်များနှာခေါင်းများတွင်လည်းပိုက်အသွယ်သွယ်

သူ၏ရှေ့တွင်တော့သားဖြစ်သူမုဆိုးဖိုမိုးသက်နှင့် သူ၏လက်ထက်ပွားများဖြစ်သော မိုးထက်နှင့်မိုးမြတ်ဟူသောမောင်နှမ နှစ်ယောက်ရှိနေကြသည်။ 

 မြေးတို့နားထောင်ကြ

အဘိုးအိုရဲ့အသံမှာ ယဲ့ယဲ့သာထွက်တော့သည် ၃ယောက်လုံးကအာရုံစိုက်နေကြသည်

အဘိုးမရှိတဲ့နောက်မှာ..

ကျွန်တော်တို့နေတတ်ပါတယ်အဘိုးရယ် 

မိုးထက်စကားကြောင့်သေခါနီးလူနာပင်တင်းသွားသည် 

ဟေ့ကောင် ငါမသေသေးဘူးကွ မသေသေးဘူး

မိုးထက်ကမျက်လွှာလေးချပြီး 

သိပါတယ်အဘိုးရယ် အဘိုးမရှိတော့ရင်လည်း နေတတ်ပါတယ်လို့

စကားကိုသာ အသေအချာနားထောင် ငါမရှိတော့ရင် 

ယခုမှလူမမာရုပ်ပြန်ပေါက်သည် 

သားဖြစ်သူကလည်း အသုံးမကျတဲ့မုဆိုးဖို 

ဦးမိုးသက် သူအသုံးမကျကြောင်းသိစေရန် ခေါင်းညိတ်ပြသည် 

အသုံးမကျတဲ့သားကမွေးတဲ့ မြေးနှစ်ယောက်ကလဲကြည့်ဦး ယောင်္ကျားဖြစ်တဲ့ မိုးထက်က မခြောက်ရုံတမယ် အရာရာတွန့်ဆုတ်တွန့်ဆုတ်နဲ့ 

မှန်ပေသည် သူလည်းဟုတ်မှန်ကြောင်းခေါင်းညိတ်ပြသည်။ မိုးထက်မှာ အများမကူညီလျှင်ဘာမှဖြစ်မြောက်အောင်လုပ်တတ်သူမဟုတ်။

မိန်းမယူရင်တောင် ဘေးအိမ်ကူမှ ကလေးရမဲ့ကောင်မျိုး

ဟုတ်မှန်ကြောင်းခေါင်းညိတ်ပြန်သည်။ မိုးထက်မှာပြောသလောက်ပျော့ညံ့သည် 

ဟော မိန်းကလေးဖြစ်တဲ့ မိုးမြတ်ကျတော့လည်း အကိုနဲ့တခြားစီ

အဘိုးသေခါနီး ဘယ်သူ့မကျေနပ်လဲ ဘယ်သူ့ဆော်လွှတ်လိုက်ရမလဲပြော 

ဘောပြား

အိစ်

မှန်ပေသည် မိုးမြတ်က ယောင်္ကျားအလောင်းအလျာဖြစ်ချင်သော ယောင်္ကျားလျာ ဆံပင်ကိုပင် ယောင်္ကျားလေးလို ဘိုကေထိုးထား၏ 

ဟင်း မင်းတို့၃ယောက်ကိုကြည့်ပြီး ငါရင်လေးတယ်ကွယ် 

ဟေ့ အဘိုးရင်လေးတယ်တဲ့ အောက်စီဂျင်ပိုက်ဖြုတ်ပေးလိုက်ဦး....

မိုးထက်က တစ်စခန်းထပြန်သည် သူကဘာအလိုက်ကန်းဆိုးမှသိသူမဟုတ်။ 

တယ်လေ အောက်စီဂျင်ပိုက်ဖြုတ်လိုက်ရင် ငါသေသွားမှာပေါ့ကွ ခွီးထဲမှပဲ။

ဪအဲ့လိုလား ကျွန်တော်က အဘိုးအသက်အောင့်ပြီးနေချင်တယ်မှတ်လို့ 

တိတ်စမ်း ငါပြောနေတာ မင်းတို့ဘ၀ကိုရင်လေးတယ်လို့ပြောနေတာ 

ဪအဲ့လိုလား ဒါဖြင့်ရင်ဆက်ပြော ဆက်ပြော 

ထိုသို့ရှင်းပြမှသာ ငြိမ်တော့၏

အဲ့ဒီတော့ အဘိုးမှာချင်တာက 

အားလုံးပြန်နားစွင့်နေကြသည်

 အဘိုးမရှိတော့ရင် မင်းတို့အဖြစ်မရှိပုံနဲ့က ဘ၀ရှေ့လျှောက်ဖို့ကလွယ်မှာမဟုတ်ဘူး 

အဘိုးအိုကြီး မိုးစက်၏အသံက စိုးရိမ်စိတ်နဲ့ ယဲ့ယဲ့သာ

tt

Comments